AKSF’s Statement

မတရားအာဏာသိမ်း စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်
စာ အ မှ တ် ။ ။ အေကေ ၀၈/ ၂ ၀ ၂ ၂
ရက်စွဲ ။ ။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့

၂၀၂၁ ခုနှစ် ဖေဖဝါရီလ (၁)ရက်နေ့မှ ယနေ့အချိန်အထိ နိုင်ငံတော်ကို မတရားအာဏာသိမ်းခဲ့ပြီး စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ တရားမဝင်ကြောင်းနှင့် တစ်ပြည်ထောင် တစ်ပါတီ အာဏာရှင်စနစ်ဖြင့် ပြုမူလုပ်ဆောင်မည့် ရွေးကောက်ပွဲ ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုများလိုလာနေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ပြီးမှ အားလုံးပူပေါင်း ပါဝင်နိုင်မှသာ တရားမျှတသော ရွေးကောက်ပွဲဖြစ် လာမည်ဟု မိမိတို့အဖွဲ့အစည်းမှ ယုံကြည်ပါသည်။ မတရားအာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်း ပြုလုပ်နေသည့် မည်သည့် အဖွဲ့အစည်းမဆို အသိအမှတ် မပြုကြရန် မိမိတို့အဖွဲ့အစည်းမှတိုက်တွန်းနိုး‌ဆော်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြု၍ ၂၀၂၃ တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ အာဏာသိမ်း စစ်တပ်မှ ပြည်သူလုထူများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပြည်သူလူထုများ၏ နေအိမ်များ၊ အဆောက်အအုံများကို မီးရှို့ဖျက်စီးပြီး အရပ်သားပြည်သူလူထုများအ‌ပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ထားသော လူမျိုးတုန်းသတ်ဖြတ်ခြင်း စသော စစ်ရာဇဝတ်မှုကျူးလွန်မှုမှ ‌တိမ်းရှောင်လိုသော လှည့်ကွက်တခု အနေဖြင့်သာဖြစ်ပြီး တစ်ပါတီစစ်အာဏာရှင်စနစ်အား ပြန်အသက်သွင်းလိုသော လုပ်ဆောင်မှု တခုသာ ဖြစ်ပါသည်။ ထို့အပြင် စစ်ကောင်စီမှ ပြုလုပ်ဆောင်ရွက်မည့် ‌၂၀၂၃ ရွေးကောက်ပွဲအပြင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်အောင် မိမိတို့အဖွဲ့အစည်းမှ မဟာမိတ်အဖွဲ့အစည်းများနှင့် အတူတကွ ဆန့်ကျင်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အပြီးသတ်ဖျက်သိမ်းကာ တိုင်းရင်းသား ပြည်သူလူထုများ အားလုံးပါဝင်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာမှသာ လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီစနစ်အောက်တွင် လုပ်ဆောင်သော ရွေးကောက်ပွဲသာလျင် တရားဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါသည်။
For more information please contact:
‌Zau Tang
Tel: +66 65 227 6508
‌aksf.kachin@gmail..com

#AKSF