Myanmar Independence Day of Statment

(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ သဘောထားထုတ်ပြန်ချက်
စာ    အ   မှ  တ်   ၁   /    ၂   ၀  ၂  ၃
ရက်စွဲ၊ ၂၀၂၃၊ ဇန်နဝါရီလ (၄) ရက်နေ့

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်၊ အရုဏ်တက် ၄ နာရီ ၂၀ မိနစ်အချိန်၌ အင်္ဂလိပ်အစိုးရ လက်အောက်မှ လွတ်လပ်ရေး‌ပေးခဲ့သည်မှာ (၇၅) နှစ်ပြည်မြောက် ရှိခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ် (၇၅) ပြည့်မြောက်ခဲ့သော်လည်း ယနေ့အချိန်ထိ လွတ်လပ်ရေး ကြေညာစာတမ်းပါ လွတ်လပ်မှုစံနှုန်းနှင့်အညီ မည်သည့်အချိန်အခါမှ မရရှိခဲ့ပါ။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိခဲ့သည်အချိန်မှစတင်၍ စစ်အာဏာရှင်အုပ်စုတစ်စု၊ မဟာဗမာ လူမျိုးကြီးဝါဒနှင့် စသည့်အစုအဖွဲ့များသာ လွတ်လပ်‌ရေးကို ခံစားနေရပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စု တစ်ဖန် မြန်မာနိုင်ငံကို အာဏာသိမ်းခဲ့သည့်အချိန်မှ စတင်ပြီး နိုင်ငံ၏ စီးပွား‌ရေး၊ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတတ်မှုမှာ အနောက်ကျဆုံးနိုင်ငံစာရင်းထဲသို့ ရောက်ရှိသွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် နေ့စဉ်နေ့အမျှ မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့် ညှင်းပန်းနှိပ်စက်ခြင်း၊ အရပ်သားပြည်သူပိုင်ပစ္စည်းများ၊ ဘာ‌သာရေးအဆောက်အအုံများကို မီးရှို့ဖျက်စီး ခြင်းများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့အဖွဲ့အစည်းမှလည်း ကိုယ်တိုင်းပြဌာန်းခွင့်ရှိ‌သော ဖက်ဒရယ်ဒီမိုကရေစီ တည်‌ထောင်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေး၊ နိုင်ငံတကာ လူ့အခွင့်အရေးနှင့်အညီ ရှင်သန်‌နေထိုင်နိုင်ရန်အတွက် တိုက်ပွဲ၀င်သွားမည်ဖြစ်ည်။ ထို့အတူ ပြည်သူလူထုလည်း မိမိတို့အဖွဲ့နှင့် အတူ လက်တွဲ၍ တိုက်ပွဲ၀င်သွားရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Documentation Center – KDC
3. Kachin Environmental Group – KEG
4. Kachin Education Network – KEN
5. Kachin Human Rights Watch – KHRW
6. Kachin Mining Watch – KMW
7. Kachin Political Study Group
8. Research and Analysis Group -RAG
9. Rivers Network Kachin – RNK

For more Information:
• Zau Tang, Tel: +66 65 227 6508