Kachin State Day of Statement

(၇၅) နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့
သ‌ဘောထားထုတ်ပြန်ချက်


စာ အ မှ တ် ၂ / ၂ ၀ ၂ ၃
(၁၀) ရက်နေ့၊ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်

ယနေ့သည် (၇၅) နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ဖြစ်သည်။ ကချင်ပြည်နယ်တွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအတွက်လည်း နေ့ထူးနေ့မြတ်ဖြစ်သည်။ မိမိတို့၏ ကံကြမ္မာဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်သော ရဲဘော်များအားလုံးကိုလည်း ဂုဏ်ပြုအပ်ပါသည်။
ကချင်ပြည်နယ်သည် ရှေးနှစ်ပေါင်းစွာက မိမိနယ်မြေတွင် ဒူဝါစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၈၉၅ ခုနှစ်မှ စ၍ ဗြိတိသျှအစိုးရသည် Kachin Hill Tribe Regulation အက်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ရယူခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ကချင်လူမျိုးများအား တန်းတူဆက်ဆံမှုမရှိဘဲ အဖက်ဖက်မှ ဖိနှိပ်အုပ်ချုပ်သည်မှာ ၇၅ နှစ်မြောက်ရှိလာပြီ ဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူလူထုများ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရန် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများအားလုံး အတူတကွ မိမိတို့၏ ကံကြမ္မာဖန်တီးခွင့်ရရှိအောင် ဆက်လက်တိုက်ဝင်ကြရန် တိုက်တွန်းလိုက်ပါသည်။ ထို့အပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအဖွဲ့အစည်းများ (INGO)နှင့် နိုင်ငံတကာ အစိုးရများသည်လည်း တန်တူညီတူ ရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက်ပြီး ပံ့ပိုးကူညီမှု ပေးပါရန် လေးလေးနက်နက် တောင်းဆိုလိုက်ပါသည်။
ယနေ့ (၇၅) နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့တွင် Kachin National Forum – KNF အဖွဲ့အစည်းမှ အောက်ပါအတိုင်း တောင်းဆိုလိုက်ပါသည်။
(၁) အကြမ်းဖက်စစ်ကောင်စီသက်ဆိုးရှည်အောင် စီးပွားဖြစ် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံများအနေဖြင့် ပံ့ပိုကူညီမှုများ ချက်ချင်းရပ်တန့်ပေးရန်။
(၂) ၁၉၄၇ ပင်လုံစာချုပ်အရ မိမိတို့၏ ကံကြမ္မာဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိအောင် ပြည်သူလူထုများအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းလိုပါသည်။
(၃) စစ်အာဏာရှင်များ ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Documentation Center – KDC
3. Kachin Environmental Group – KEG
4. Kachin Education Network – KEN
5. Kachin Human Rights Watch – KHRW
6. Kachin Mining Watch – KMW
7. Kachin Political Study Group – KPSG
8. Research and Analysis Group Kachin -RAGK
9. Rivers Network Kachin – RNK

For more Information:Zau Tang, Tel: +66 65 227 6508