(၇၆) နှစ်မြောက် ပင်လုံစာချုပ်နေ့
သဘောထားထုတ်ပြန်ချက်

(၇၆) နှစ်မြောက် ပင်လုံစာချုပ်နေ့
သဘောထားထုတ်ပြန်ချက်
စာ အ မှ တ် ၃ / ၂ ၀ ၂ ၃
(၁၂) ရက်နေ့၊ ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်
ခရစ်နှစ်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့သည် သမိုင်းဝင်သည့် တိုင်းရင်းသားလူမျိုးများနှင့် မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိရန် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားလူမျိုးများ၏ ခေါင်းဆောင်ကြီးများနှင့် မြန်မာလူမျိုးများ၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လွတ်လပ်ရေးရယူရန် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် နေ့ဖြစ်သည်။ ထို့ကြောင့် ဇန်နရီလ (၄) ရက်၊ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှလက်အောက်မှ ကျွန်ုပ်တို့၏နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။
(၇၆) နှစ်မြောက် ပင်လုံစာချုပ်နေ့တွင် “Kachin National Forum – KNF”မှ အောက်ပါ အချက်များ တောင်းဆိုလိုက်ပါသည်။
(၁) ကျွန်ုပ်တို့နိုင်ငံကို လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်မနေ ပြန်ဌာန်းတည်ဆောက်ရန် အရေးတကြီးလိုအပ်သည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ပြည်သူလူထုများ ၁၉၄၇ ပင်လုံစာချုပ်အရ မိမိတို့၏ ကံကြမ္မာဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိအောင် ဆက်လက်တိုက်ပွဲဝင်ကြရန်။
(၂) မတရားအာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက်အုပ်စုမှ ဦးဆောင်ကျင်းပပြုလုပ်မည့် အတုအ‌ယောင်ဆောင် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးအရများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အသိအမှတ် မပြုပေးရန်။
(၃) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံကို မတရားအာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို နည်းလမ်းမျိုးစုံဖြင့် အာဏာရှင်စစ်တပ် အမြစ်ပြတ်ချေုမှုန်းတိုက်ဖို့ရန်ရန် ပြည်သူလူထုထားများအားလုံးကို တိုက်တွန်းနိုးဆော်လိုက်ပါသည်။


အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Documentation Center – KDC
3. Kachin Environmental Group – KEG
4. Kachin Education Network – KEN
5. Kachin Human Rights Watch – KHRW
6. Kachin Mining Watch – KMW
7. Kachin Political Study Group – KPSG
8. Research and Analysis Group Kachin -RAGK
9. Rivers Network Kachin – RNK


For more Information:
• Zau Tang, Tel: +66 65 227 6508