KNF ၏ ထုတ်ပြန်ချက်

ထုတ်ပြန်ချက်
စာ အ မှ တ် ၄ / ၂ ၀ ၂ ၃
(၄) ရက် နေ့ ၊ မ တ် လ ၊ ၂ ၀ ၂ ၃ ခု နှစ်

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံကို မတရားအာဏာသိမ်းယူပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည်မှာ အချိန်ကာလ (၂၅)လ ‌ရောက်ရှိလာပြီဖြစ်သည်။ ၄င်းအချိန်ကာလအတွင်း နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်း‌ရေးနှင့် အခန်းကဏ္ဌအသီးသီးတွင် ကျရှုံးမှုများစွာနှင့် ကြုံတွေ့နေရသည်ကို တွေ့ရပါသည်။ ထို့နောက် ကချင်ပြည်နယ်အတွင်း အကြမ်းစစ်တပ် အာဏာသိမ်းအချိန်မှ စတင်ပြီး အကြမ်းဖက်စစ်တပ်နှင့် ၄င်း၏အပေါင်းအပါ ကုမ္မဏီများသည် ရွှေ၊ မြေရှားသတ္တူ၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားသတ္တု တူးဖော်မှုများကို ကြီးမားကျယ်ပြန့်စွာ မတရားလုပ်ကိုင် နေပါသည်။ ထို့နောက် ၄င်းဌာနေတိုင်းရင်းသားများ၏ ဒေသများနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးရှုံးများစွာနှင့် ရင်ဆိုင်ကြုံးတွေ့နေရသည်။ ဌာနေတိုင်းရင်းသား များသည် ထောင်စုနှစ်များစွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော သဘာဝအရင်အမြစ်များ ဖြစ်သည်။ သဘာဝအရင်းအမြစ်များကို မိမိကိုယ်ကျိုးအတွက် အလွန်အကျူး ထုတ်ယူသုံးစွဲနေသည်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး အနာဂတ်ကလတွင် သဘာဝဘေးအန္တရယ်များ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ထို့ကြောင့် “Kachin National Forum – KNF” မှ အောက်ပါအချက်များ ထုတ်ပြန်လိုက်ပါသည်။
(၁) ပြည်သူလူထုများ ကန့်ကွက်ရှုံ့ချနေသည့်အပြင် လုံးဝ(လုံးဝ) သဘောမတူသည့် မြေရှားသတ္တု မတရားတူဖော်မှုလုပ်ငန်းများကို အမြန်ဆုံး ရပ်တန့််ပေးရန်နှင့် ပျက်စီးရှုံးသွားသော သဘာဝပတ် ဝန်းကျင်းများကို ပြန်လည်းထိန်းသိမ်းပေးရန်။
(၂) ကချင်ပြည်နယ်ဒေသအသီးသီးတွင် ပြည်သူများ၏ ဆန္ဒမရှိဘဲ လုပ်ကိုင်နေသည့် ရွှေတူးဖော်မှု လုပ်ငန်းများကို အမြန်ဆုံးရပ်တန့်ပေးပါရန်။
(၃) ဌာနေတိုင်းရင်းသားများ၏ သဘာဝအရင်းအမြစ်များအားလုံးကို တန်းဖိုထား၊ ထိန်းသိမ်းကာကွယ်ကြရန် မိမိတို့မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Documentation Center – KDC
3. Kachin Education Network – KEN
4. Kachin Environmental Group – KEG
5. Kachin Human Rights Watch – KHRW
6. Kachin Mining Watch – KMW
7. Kachin Political Study Group – KPSG
8. Kachin Women Network – KWN
9. Kachin Youth Network – KYN
10. Research and Analysis Group Kachin -RAGK
11. Rivers Network Kachin – RNK
12. Kachin Information Technology Network – KITN


For more Information:
• Zau Tang, Tel: +66 65 227 6508