“ကမ္ဘာ့မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးနေ” ထုတ်ပြန်ချက်

“ကမ္ဘာ့မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးနေ့”ထုတ်ပြန်ချက်
————————-
Kachin National Forum – KNF
June 26, 2023


KNF Website Link: https://knforum.org/
Download Pdf File : http://surl.li/ikbik

စာ အ မှ တ် ၁၀ / ၂ ၀ ၂ ၃
(၂၆) ရ က် နေ့ ၊ ဇွန် လ ၊ ၂ ၀ ၂ ၃ ခု နှစ်

ယနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့သည် “ကမ္ဘာ့မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးနေ့” ဖြစ်သည်။ ကမ္ဘာမူးယစ်ဆေးဝါးပြဿနာကြောင့် ကမ္ဘာ့တစ်ဝန်းရှိ သန်းနှင့်ချီးသော လူသားများတို့သည် ကဲ့ရဲ့ရှုတ်ချမှုများနှင့် ခွဲခြားဆက်ဆံမှုများစွာကို ရင်ဆိုင်နေကြရသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) မှ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနေသည်ကို တွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးနေ့၏ ဆောင်းပုဒ်မှာ “Stop Tigma and Discrimination, Strengthen Prevention” ဖြင့် ကမ္ဘာတစ်ဝန်း အထိမ်းအမှတ်ပြုလုပ်နေကြပါသည်။
နိုင်ငံတော်ကို ခေတ်အဆက်ဆက် အုပ်ချုပ်သော မြန်မာလူမျိုးများ ကိုယ်စားပြု အာဏာရှင်အစိုးရသည် တိုင်းရင်းသားနယ်မြေများတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ စိုက်ပျိုးရောင်ဝယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို မသိကျိုးကျွန်ပြုကာ စနစ်တကျ တားဆီးမှုများ မပြုလုပ်သည်မှာ ယနေ့တိုင်ဖြစ်နေပါသည်။ ထို့သို့ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်းတိုက်ဖျက်ရေး စီမံကိန်းဖြစ်သည်မှာ နာလည်းသဘောပေါက်ပြီး မူးယစ်ဆေးဝါးကျေးကျွန်ဘဝမှ လွတ်မြောက်သွားနိုင်ရန် အရေးကြီးပါသည်။
ထို့ကြောင့် ယနေ့ကျရောက်သော “ကမ္ဘာ့မူးယစ်‌ဆေးဝါး တိုက်ဖျက်ရေးနေ့”တွင် ပြည်သူလူထုများအားလုံး လက်တွဲညီညီဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စိုက်ပျိုးရောင်းဝယ်ထုတ်လုပ်မှုများ ပ‌ပျောက်သွားရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီးလုပ်ဆောင်သွားနိုင်ရန် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Affairs Council (KAC)
3. Kachin Documentation Center – KDC
4. Kachin Education Network – KEN
5. Kachin Environmental Group – KEG
6. Kachin Farmer Network (KFN)
7. Kachin Human Rights Watch – KHRW
8. Kachin Mining Watch – KMW
9. Kachin Political Study Group – KPSG
10. Kachin Women Network – KWN
11. Kachin Youth Network – KYN
12. Research and Analysis Group Kachin -RAGK
13. Rivers Network Kachin – RNK
14. Kachin Information Technology Network – KITN
15. Kachin Health Group – KHG
16. Kachin Lawyer Network – KLN



For more Information:
• Zau Tang, Tel: +66 65 227 6508