ဖားကန့်မြို့၊ မနကျေးရွာအနီး မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေး ကျောက်တူးသမား သေဆုံးမှုအပေါ် သဘောထားထုတ်ပြန်ချက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနမှော်တွင် ဩဂုတ်လ ၁၃ ရက်နေ့ ကျောက်စိမ်းတူး‌ ဖော်နေသည့် လုပ်သား (၄၀) ခန့်သည် ကမ်းပါးပြိုကျမှုကြောင့် သေဆုံးရှိခဲ့သည်။ အသက်ဆုံးရှုံးသွားသော အလုပ်သမားများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
နိုင်ငံကို အုပ်ချုပ်ခဲ့သော နဝတ/နအဖအစိုးရ၊ သိန်းစိန် အစိုးရ၊ NLD အစိုးရနှင့် အာဏာသိမ်း စစ်ကောင်စီ၊ ကချင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့် ကျောက်စိမ်းလုပ်ငန်းကို လုပ်ဆောင်နေသော ခရိုနီကုမ္မဏီကြီးများသည် တိုင်းပြည်၏ ကျောက်စိမ်းတူးဖော်မှုနှင့် အသုံးပြုချမှုများတွင် တာဝန်ယူ/ခံမှု လျစ်လျူရှုခဲ့သည်ကို တွေ့ရှိရသည်။ ဤသို့ စနစ်တကျ ဆောင်ရွက်မှုမရှိသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ပြည်သူလူထုများ နေ့စဉ်နှင့် အမျှ အသက်ဆုံးရှုံးနေရသည်။
ကျောက်စိမ်းသဘာဝသယံဇတအရင်းအမြစ်များကို အနာဂတ်မျိုးဆက်သစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းရေး နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် စနစ်တကျ လုပ်ဆောင်သွားရန်၊ အကျိုးရှိရှိ ရင်နှီးမြှုပ်နှံမှုကို အသုံးပြုသွားကြရန်နှင့် အနာဂတ်တွင် ဤကဲ့သို့ အဖြစ်ဆိုးမျိုး ထပ်မံမဖြစ်ပွားအောင် ကျောက်စိမ်းတူးဖော်မှု နှင့် စီမံခန့်ခွဲ့မှုများကို စနစ်တကျလုပ်ဆောင်သွားကြရန် မိမိတို့အဖွဲ့အစည်းမှ တိုက်တွန်းအပ်ပါသည်။


အဖွဲ့ဝင်အဖွဲ့အစည်းများ-
1. All Kachin Students’ Federation – AKSF
2. Kachin Affairs Council (KAC)
3. Kachin Documentation Center – KDC
4. Kachin Education Network – KEN
5. Kachin Environmental Group – KEG
6. Kachin Farmer Network (KFN)
7. Kachin Human Rights Watch – KHRW
8. Kachin Mining Watch – KMW
9. Kachin Political Study Group – KPSG
10. Kachin Women Network – KWN
11. Kachin Youth Network – KYN
12. Research and Analysis Group Kachin -RAGK
13. Rivers Network Kachin – RNK
14. Kachin Information Technology Network – KITN
15. Kachin Health Group – KHG
16. Kachin Lawyer Network – KLN



For more Information:
• Zau Tang, Tel: +66 65 227 6508