Statement of KNF

မိမိတို့၏ ကချင်နယ်မြေသည် ဗြိတိသျှအစိုးရ၏ လက်အောက်တွင် နှစ်အနည်းငယ်ရှိသည်မှ အပ မိမိတို့၏ နယ်မြေကို ဒူဝါစနစ်ဖြင့် နှစ်ပေါင်းမြောက်များစွာ အုပ်ချုပ်ခဲ့သည်။ ထို့အတူ အခြားတိုင်းရင်းသားများသည်လည်း မိမိဒေသကို မိမိတို့ အုပ်ချုပ်ခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ဗြိတိလျှလက်အောက်မှ လွတ်လပ်ရေးရရှိရန် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်နှင့် မြန်မာလူမျိုးများ၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လွတ်လပ်ရေးရရှိရန် ပင်လုံစာချုပ်ကို သဘောတူလက်မှတ်‌ရေးထိုးပြီး ဗြိတိလျှ လက်အောက်မှ လွတ်လပ်ရေး အတူအကွရယူခဲ့သည်။

သို့သော် ၁၉၆၂ ခုနှစ်မှ စတင်ပြီး ဗဟာမဗာလူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလ (၁) ရက်နေ့တွင် ဗမာစစ်တပ်မှ နိုင်ငံ၏ အာဏာကို မတရားအာဏာသိမ်းယူခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များသာမက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် ဗမာတိုင်းရင်းသားများသည်လည်း လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိသည်။ ပြည်တွင်းစစ်နှင့်အတူ ပြည်သူလူထုများ ထိခိုက်သေဆုံးမှု များပြားလာခြင်း၊ စစ်ဘေးဒုက္ခသည်များ ပိုမိုများ ပြားခြင်း၊ လုံခြုံရေး ကင်းမဲ့လာခြင်း၊ စီပွားရေး ကျဆင်းလားခြင်းနှင့် စားဝတ်နေရေး ပိုမိုခက်ခဲလာခြင်း စသည့်အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်။

ယခုအချိန်တွင် ကချင်ပြည်၊ ကယားပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည် ဒေသရှိ ပြည်သူလူထုများနှင့် ဗမာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများသည် စည်းလုံးညီညွတ်ရမည့် အချိန်ဖြစ်ပါသည်ဟု ခံယူပါသည်။ ပြည်လူလူထုများစည်းလုံးညီညွတ်မှုဖြင့်  ပြည်တွင်းစစ်ကို ဖန်းတီးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် လက်တွဲညီညီ ဆက်လက်ပြီး တိုက်ပွဲဝင်ကြရန် “Kachin National Forum – KNF” အဖွဲ့အစည်းမှ တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ-

  1. All Kachin Students’ Federation – AKSF
  2. Kachin Affairs Council (KAC)
  3. Kachin Documentation Center – KDC
  4. Kachin Education Network – KEN
  5. Kachin Environmental Group – KEG
  6. Kachin Farmer Network (KFN)
  7. Kachin Human Rights Watch – KHRW
  8. Kachin Mining Watch – KMW
  9. Kachin Youth Development Center – KYDC
  10. Kachin Political Study Group – KPSG
  11. Kachin Women Network – KWN
  12. Kachin Youth Network – KYN
  13. Research and Analysis Group Kachin -RAGK
  14. Rivers Network Kachin – RNK
  15. Kachin Information Technology Network – KITN
  16. Kachin Women Empowerment Center – KWEC
  17.  Kachin Health Group – KHG
  18. Kachin Lawyer Network – KLN
  19. Kachin Justice and Peace Center – KJPC

For more Information:

  • Zau Tang, Tel: +66 65 227 6508