(၇၆) နှစ်‌မြောက် လွတ်လပ်ရေးနေ့ သဘောထားထုတ်ပြန်ချက်

ယနေ့သည် အင်္ဂလိပ်အစိုရလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် (၇၆) နှစ်မြောက်နေ့ဖြစ်သည်။ လွတ်လပ်ရေးရရှိသည့် အချိန်မှစတင်ပြီး ယနေ့အချိန်ထိ လွတ်လပ်သည့် အခွင့်အရေးများကို တိုင်းရင်းသားများ ခံစားခွင့် မရှိပါ။ နိုင်ငံအတွင်း နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်၊ မဟာဗမာလူမျိုးကြီးဝါဒနှင့် ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကြောင့် ပြည်သူလူထုများသည် လွတ်လပ်ရေး ကြေညာစာတမ်းပါ လွတ်လပ်မှု စံနှုန်းများ မရရှိပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ တစ်ဖန် နိုင်ငံကို မတရားအာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံ‌ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးတွင် အနောက်ကျဆုံး နိုင်ငံစရင်းထဲသို့ ရောက်ရှိသွားပါသည်။ မူးယစ်ဆေးဝါနဲ့ ရာဇဝတ်မှု တိုက်ဖျက်‌ရေး ကုလသမဂ္ဂအဖွဲ့ (UNODC) အစီရင်ခံစာ၌ မိမိတို့နိုင်ငံသည် ဘိန်းထုတ်လုပ်မှုတွင် ကမ္ဘာ့နိုင်ငံ အဆင့် (၁) သို့ ရောက်ရှိသွားခဲ့သည်။ ထိုသို့ အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးရေးတွင် ကျရှုံးနိုင်ငံအဖြစ် လုပ်ဆောင်နေပါသည်။
ကချင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ စီပွားရေးကုမ္ပဏီများနှင့် မည်သည့်လူပုဂ္ဂိုလ်မဆို မိမိတို့အဖွဲ့အစည်းမှ လက်ခံမည်မဟုတ်ပါ။ ဆက်လက်၍ ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်ပါသည်။
မိမိတို့အဖွဲ့အစည်းသည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေးများကို အားပေးထောက်ခံသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် လက်တွဲပြီး ဆောင်ရွက်သွားမည်။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးနှင့် တန်းတူရေး အာမခံရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့တွင် “Kachin National Forum – KNF” အဖွဲ့အစည်းမှ သဘောထား ထုတ်ပြန်လိုက်သည်။
For more Information:
• Zau Tang, Tel: +66 65 227 6508

PDC file download: http://surl.li/ouqkh

Visit KNF Website: https://knforum.org/

KNF Twitter account: https://twitter.com/knf2021/status/1741434483616997766?t=f3imTdk_yf7nq-OMOhtRRw&s=19