(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အပေါ် သဘေားထုတ်ပြန်ချက်


ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအားလုံး ယနေ့သည် (၇၆) နှစ်မြောက် “ကချင်ပြည်နယ်နေ့” ဖြစ်သည်။ မိမိတို့အဖွဲ့အစည်းမှ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲအတွင်း ကျဆုံးသွားသည် ရဲဘော်များအားလုံးကို ဂုဏ်ပြုအပ်ပါသည်။
ကချင်ပြည်နယ်သည် ရှေးနှစ်ပေါင်းမျာစွာ မိမိနယ်မြေတွင် ဒူဝါစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် နယ်မြေဖြစ်သည်။ ၁၈၉၅ ခုနှစ်မှ စ၍ ဗြိတိသျှအစိုးရသည် KACHIN HILL REGULATION အက်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင် လွတ်လပ်ရေး အတူတကွ ရယူခဲ့ခြင်းဖြစ်သည်။ လွန်လပ်ရေးရယူပြီး မှစတင်ပြီး ယနေ့အချိန်ထိ ကချင်လူမျိုးများအား နိုင်ငံရေးနှင့် တန်းတူဆက်ဆံမှုမရှိဘဲ အဖက်ဖက်မှ ဖိနှိပ်ခံခဲ့ရသည်မှာ နှစ်ပေါင်း (၈၀) နီးပါ ရှိလာပြီဖြစ်ပါသည်။
(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် Kachin National Forum – KNF အဖွဲ့အစည်းမှ အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။
(၁) နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးမှ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင် ရွက်ပေးရန်။
(၂) မိမိပြည်နယ်နှင့် အခြားပြည်နယ်များအားလုံး မိမိကံကြမ္မာဖန်းတီးခွင့်၊ ကိုယ်ပြဌာန်းခွင့် ရရှိရေးအတွက် ဆက်လက်တိုက်ဝင်ကြရန်။
(၃) ပြည်သူလူထုများကို နှစ်ပေါင်းများစွာ နည်းလမ်းမျိုးစုံဖြင့် မတရားဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအားလုံး ကချင်ပြည်နယ်အတွင်းမှ အမြန်ဆုံထွက်ခွာပေးရန် သဘောထားထုတ်ပြန်လိုက်သည်။

For more Information:
• Zau Tang, Tel: +66 65 227 6508