စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းနှင့် ဒေသရှိ ပြည်သူ့စစ် တပ်ဖွဲ့ များမှ ပူးပေါင်း၍ ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုအပေါ် သဘောထားထုတ်ပြန်ချက်


စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူလူထုများကို မတရားဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ပိုမိုမြင့်မာလာခဲ့သည်။
စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းနှင့် ဒေသရှိ ပြည်သူ့စစ် တပ်ဖွဲ့ များမှ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ ပြည်သူလူထုများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည်။
တိုင်းရင်းသားပြည်သူလူထုများကို လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ စစ်တရားခုံရုံးသို့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါသည်။ စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၉၇ တပ်ရင်းနှင့် ဒေသရှိ ပြည်သူ့စစ် တပ်ဖွဲ့ များမှ မအူပင်ကျေးရွာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုအပေါ် မိမိတို့ “Kachin National Forum – KNF” အဖွဲ့မှ ပြင်ပြင်ထန်ထန်ကန့်ကွက်ရှုံ့ချကြောင့် သဘောထားထုတ်ပြန်လိုက်သည်။





For more Information:
• Zau Tang, Tel: +66 65 227 6508

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top