ယနေ့သည် (၇၇) နှစ်ပြည့်မြောက် “ကချင်ပြည်နယ်” နေ့ ဖြစ်သည်။ မိမိတို့၏ ကံကြမ္မာဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အတွက် တိုက်ပွဲများတွင် ကျဆုံးသွားသည့် ရဲဘော်များအား “Kachin National Forum – KNF” အဖွဲ့အစည်းမှ အလေးပြုအပ်ပါသည်။
ကချင်ပြည်နယ်သည် ဒူဝါစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် နယ်မြေဖြစ်သည်။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက်တွင် မိမိနယ်မြေအား KACHIN HILL REGULATION အက်ဖြင့် တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှအစိုးရမှ လွတ်လပ်ရေးကို အတူတကွ ရယူပြီး ပြည်ထောင်စနစ်တည်ထောင်ခဲ့ သည်။ သို့သော် ယနေ့အချိန်ထိ ကချင်လူမျိုးများအား နိုင်ငံရေးတွင် တန်းတူဆက်ဆံမှုမရှိဘဲ အဖက်ဖက်မှ ဖိနှိပ်အုပ်ချုပ်သည်မှာ နှစ်ပေါင်း (၈၀) နီးပါး ရှိလာပြီ ဖြစ်ပါသည်။
ပြည်သူလူထုများ၏ မူလ ရည်မှန်းချက်ဖြစ်သော တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရန်နှင့် စစ်ဏာရှင်စနစ် အမြန်ဆုံးအမြစ်ဖြတ်ရန် ပြည်သူလူထုများအားလုံး ဝိုင်းဝန်း၍ လုပ်ဆောင်သွားကြရန် ယနေ့ကျရောက်သော (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် “Kachin National Forum – KNF” အဖွဲ့အစည်းမှ သဘောထား ထုတ်ပြန်လိုက်ပါသည်။
Pdf file download: https://docs.google.com/uc?export=download&id=1FlnPbsVPN1GaWiFKf2H3f1AcgOjwyA8r