ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့သည် ဗြိတိသျှအင်္ဂလိပ်အစိုးရ (သူ့ကျွန်းဘဝ) လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် (၇၇) နှစ်ပြည့်မြောက်နေ့ဖြစ်သည်။ ၄င်းလွတ်လပ်ရေးသည် စစ်အာဏာရှင်စနစ်အခြေပြု၍ မဟာဗမာလူမျိုးကြီးဝါဒနှင့် ရက်စက်ကြမ်းကြုတ်တဲ့အောက်တွင် ပြည်သူလူထုများသည် နည်းလမ်းမျိုးစုံဖြင့် အုပ်ချုပ်ခံရမှုကြောင့် လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ်မှုစံနှုန်းများကို ယနေ့အချိန်ထိ ရှုံးဆုံးနေရသည်။
စစ်ကောင်စီသည် နိုင်ငံ၏ အာဏာသိမ်းယူပြီး (၄) နှစ်အတွင်း အုပ်ချုပ်မှုအချိန်တွင် မိမိတို့နိုင်ငံ့၏ စီးပွားရေး၊ နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေးတွင် ကမ္ဘာ့နိုင်ငံများတွင် နောက်ကျဆုံးနိုင်ငံအဆင့်ဖြစ်နေရပါသည်။ အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထုများအပေါ် လေယာဉ်ဖြင့် မတရားဗုံးကြဲသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၄င်းကဲ့သို့ပြုလုပ်ခြင်းသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုကို စနစ်တကျချိုးဖောက်ကျိုးလွန်းနေခြင်းဖြစ်သည်။ ပြည်သူလူထုများအားလုံး ဆက်လက်၍ အာဏာရှင်အကြမ်းဖက်စစ်ကောင်စီစနစ်အမြစ်ပြတ်သွားရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ထောက်တိုင်းများကိုလည်း တိုက်ဖြတ်သွားရမည်ဖြစ်ပါသည်။
မိမိတို့အဖွဲ့အစည်းသည် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်တွင်း အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအစိုးရများနှင့် လက်တွဲဆောင်ရွက်သွားမည်။ ထို့အပြင့် နိုင်ငံရေး၊ တန်းတူရေးနှင့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုတည်ဆောက်သွားရန် ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် သဘေားထားထုတ်ပြန်လိုက်ပါသည်။
For more Information:
• Zau Tang, Tel: +66 65 227 6508
Pdf file download: https://docs.google.com/uc?export=download&id=1O3TIJXBYPLvVyPDHP-pAmY6hxy2j4inx